တာလေ ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများမိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါရုံးရှိလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး(Talk Show)ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်မေထက်ကြိုင်က ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒုတိယဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက သွေးလွန်တုပ်ကွေးရောဂါဆိုတာဘာလဲ၊ သွေးလွန်တုပ်ကွေးရောဂါဟာ ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုနည်းနဲ့ကူးစက်တတ်ပါသလဲ၊ ဘယ်အရွယ်မှာ သွေးလွန်တုပ်ကွေးဖြစ်တတ်သလဲ၊ ရောဂါဖြစ်လာရင် ဘာလက္ခဏာ တွေပြတတ်ပါသလဲ၊ ဘယ်လိုလက္ခဏာတွေပြရင် ကလေးကို ဆေးရုံတင်သင့်ပါသလဲ၊ ဘယ်အချက်တွေကို ရှောင်ကြဉ်သင့်ပါသလဲ၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါသလားစသည့် အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး(Talk Show)ဗီဒီယိုဖိုင်ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ တာလေမြို့ရုံးမှ ဖွင့်လှစ်ထားသည့် Facebook Page တွင် လွှင့်တင်ပေးထားကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)