သတင်းများ

နမ့်စန်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကျင်းပ
Jul 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် တွင် (၇၆)နှစ် မြောက် အာဇာနည်နေ့  အထိမ်းအမှတ် ကျောင်းပေါင်းစုံ ထက်၊လယ်၊မူအဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါး ပြိုင်ပွဲကို  ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) သရဖီ ခန်းမတွင် ကျင်းပခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၃၉)တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ထိုးနှံပေး
Jul 10,2023
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ကြီးတံခွန်မြို့နယ် အမှတ် (၃၉)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူ ၄ဝဝ ခန့်အား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
မင်းတုန်းမြို့တွင် “ပလပ်စတစ်ကင်းစင်ရေး” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 10,2023
မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ အခွန်လွတ်ဈေးတွင် ယနေ့နံနက် ၇ နာရီက အပတ်စဉ် တနင်္လာနေ့တိုင်း "ပလပ်စတစ်မသုံးစွဲရေး" အသိပညာပေး လက်ကမ်းစာစောင်များကို ဈေးရောင်း၊ ဈေးဝယ်သည့် ပြည်သူများအား ဖြန့်ဝေခဲ့သည်။
သာစည်မြို့နယ်တွင် အခြေခံဘော်လီဘောအားကစားသင်တန်းဖွင့်လှစ်မည်
Jul 10,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ အခြေခံဘော်လီဘော အားကစားသင်တန်းကို ဇူလိုင် ၁၆ ရက်မှ ၂၃ ရက်နေ့အထိ နေရာ ၃ နေရာ၌ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်းဦး(မြန်မာနိုင်ငံဘော်လီဘော လက်ရွေးစင် အသင်းနည်းပြ)ထံက သိရသည်။
မိုင်းဆတ်မြို့၌ “သက်ရှည်ကျန်းမာနေလိုငြား လိုရင်းတိုရှင်းနည်းလမ်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jul 10,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း ၊မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမတွင် ယမန်နေ့ ညနေ ၃နာရီက စာရေးဆရာ ‌ဒေါက်တာမာမာဆွေ ရေးထားသော သက်ရှည်ကျန်းမာ နေလိုငြား လိုရင်းတိုရှင်း နည်းလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် Sunday Dhamma School ယဥ်ကျေးလိမ္မာသင်တန်း (မြန်မာ၊ ရှမ်း)နှစ်ဘာသာဖြင့် ဖွင့်လှစ်သင်ကြား
Jul 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားလူငယ် ဗုဒ္ဓဘာသာဝင်များ၏ Sunday Dhamma School ယဥ်ကျေးလိမ္မာသင်တန်းကို (မြန်မာ၊ရှမ်း)နှစ်ဘာသာဖြင့် ယမန်နေ့ တနင်္ဂနွေနေ့ နံနက်(၈)နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရသည်။
ဘောဂလိမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်
Jul 10,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ ကလေးအလုပ်သမားနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၉) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်၌ ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jul 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင်  ၂၀၂၃ ခုနှစ် မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မိုင်းခတ်မြို့၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပင်းကွေကျေးရွာနှင့် နောင်ဖူကျေးရွာသွားလမ်းအနီးရှိ စိုက်ခင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။