မိုင်းဆတ်မြို့၌ “သက်ရှည်ကျန်းမာနေလိုငြား လိုရင်းတိုရှင်းနည်းလမ်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်

မိုင်းဆတ် ဇူလိုင် ၁၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမတွင် ယမန်နေ့ ညနေ ၃နာရီက စာရေးဆရာ ‌ဒေါက်တာမာမာဆွေ ရေးထားသော သက်ရှည်ကျန်းမာ နေလိုငြား လိုရင်းတိုရှင်း နည်းလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏  ရည်ရွယ်ချက်ကိုလည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်း  (Book Club)  အဖွဲ့ဝင် ဒေါ်ငုဝါဖူးမှ ကျန်းမာရေး လိုက်စားခြင်းနှင့်ကျန်းမာရေးကို  ဂရုစိုက်ကြရန် ခေါင်းစဉ် ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုး သူများအသင်း  (Book Club)  အဖွဲ့ဝင်  ဒေါ်ဇင်ပွင့်ဖြူမှ  ကျန်းမာရေးနှင့်မညီညွတ်သည့်    အစားအ‌သောက်များကို‌ ရှောင်ရှားသင့်‌သည့်ခေါင်းစဉ်  ဖြင့်လည်းကောင်း၊   စာပေချစ်မြတ်နိုးသူများအသင်း  (Book Club)  အဖွဲ့ဝင် ဒေါ်နန်းခမ်းလွမ်းက ကျန်းမာရေးမကောင်းရာတွင် ဆရာဝန်ညွှန်ကြားသည့် ဆေးများ သောက်သုံးရန်နှင့်  ကျန်းမာရေးကို တစ်နှစ်တစ်ကြိမ်အလေးထား စစ်ဆေးသင့်ကြောင်း ခေါင်းစဉ်တို့ဖြင့် အသီးသီး‌ဆွေးနွေးကြပြီး  တက်ရောက်လာသူများမှသိရှိလိုတာများကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)