ဘောဂလိမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်

ဘောဂလိ ဇူလိုင်၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ ကလေးအလုပ်သမားနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၉) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ကြည်ကြည်ခိုင်က မြန်မာနိုင်ငံတွင်ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားစုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့်တားဆီးကာကွယ်ရန်၊ ဉပဒေအရ တရားဝင်အလုပ်လုပ် ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဉပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တ ရာယ်ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာ ကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်ဟူသည့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်များ၊ ကလေးအလုပ် သမားပပျောက်ရေးအတွက် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ် သမား၏ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ဟောပြောခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေထားသော "ဒေါနမြေ" ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ပေးခဲ့ရာ ဒေသနေပြည်သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ကြည်ကြည်ခိုင်(ပြန်/ဆက်)