မိုင်းနောင်မြို့တွင် Sunday Dhamma School ယဥ်ကျေးလိမ္မာသင်တန်း (မြန်မာ၊ ရှမ်း)နှစ်ဘာသာဖြင့် ဖွင့်လှစ်သင်ကြား

မိုင်းနောင် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားလူငယ် ဗုဒ္ဓဘာသာဝင်များ၏ Sunday Dhamma School ယဥ်ကျေးလိမ္မာသင်တန်းကို (မြန်မာ၊ရှမ်း)နှစ်ဘာသာဖြင့် ယမန်နေ့ တနင်္ဂနွေနေ့ နံနက်(၈)နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရသည်။

မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားများအားလုံး မိမိတို့ကိုးကွယ်သည့် ဘာသာကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ ယဥ်ကျေးလိမ္မာ၍ ဘာသာ၊ သာသနာအပေါ် သက်ဝင်ယုံကြည်အလေးအနက်ထားတတ်စေရန်၊ ဗုဒ္ဓဘာသာအမွေအနှစ်များ လက်ဆင့်ကမ်းနိုင်ရန်အတွက် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Sunday Dhamma School များကို မြို့လယ်ဓမ္မာရုံတွင် မြန်မာဘာသာဖြင့် မင်္ဂလာ ရန်အောင်ကျောင်းတိုက်တွင် ရှမ်းဘာသာတို့ဖြင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၀၀)ဦးတို့ကို စတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)