မိုင်းခတ်၌ ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မိုင်းခတ် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင်  ၂၀၂၃ ခုနှစ် မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မိုင်းခတ်မြို့၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပင်းကွေကျေးရွာနှင့် နောင်ဖူကျေးရွာသွားလမ်းအနီးရှိ စိုက်ခင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ဗျူဟာ (အခြေချ) (မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်းနှင့် မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးတို့က ပျိုးပင်များပေးအပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အေးထွန်းနှင့် ဝမ်ခုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအိုက်ဆမ်တို့က လက်ခံရယူခဲ့သည်။

ထို့နောက် စစ်ဗျူဟာ(အခြေချ) (မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရာဇာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာများမှပြည်သူများ စုစုပေါင်းအင်အား (၁၂၀)ဦးခန့်က မဲဇလီ၊ မဂျန်ရှားနှင့် ချယ်ရီပျိုးပင် စုစုပေါင်း (၁၅၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)