သတင်းများ

မင်းဘူး(စကု)မြို့နယ်၌ မိုးပဲတီစိမ်း ၁၂၈၄၉ ဧက စိုက်ပျိုးအောင်မြင်
Jul 10,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးပဲတီစိမ်းသီးနှံ ၁၂၈၄၉ ဧကလျာထား စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ် ရေပြစ်ကျေးရွာတွင် ခရမ်းစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ဝင်ငွေရရှိ
Jul 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်၊ စပါးအပြင် နေစဉ်ဝင်ငွေရရှိရေး ကာလတို/ကာလရှည် မီးဖိုးချောင်သုံးသီးနှံမျိုးစုံ စိုက်ပျိုးကြရာ ရေပြစ်ကျေးရွာတွင် ခရမ်းစိုက်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး  နေ့စဉ်ခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေ ရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သီပေါမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ
Jul 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွားတက်ခွဲမြောင်းတွင် စိုက်ပျိုးရေပေးပြွန်(၅)လုံးပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ (၅၂)ဧက အောင်မြင်စွာရေပေးဝေနိုင်ပြီဖြစ်
Jul 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး မြောင်းများပြုပြင်ပေးခြင်း၊ ရေပေးပြွန်များနှင့် ရေကျအဆောက်အအုံများ၊ ရေတံခါးများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်၌ နွားတက်ခွဲမြောင်းတွင် စိုက်ပျိုးရေပေးပြွန်(၅)လုံး ပြန်လည်ပြုပြင် ပေးသဖြင့် သီးနှံမျိုးစုံ(၅၂) ဧက အောင်မြင်စွာရေပေးဝေနိုင်ပြီဖြစ်ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၂၇၄ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေ များပေးအပ်
Jul 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၂၇၄ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန၌ Women Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jul 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၁:၀၀နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Women Club) အဖွဲ့နှင့်  စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေး ခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာမ ခင်စောတင့် ရေးသားသည့် "စွန့်စားမှုဆီသို့‌ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်‌ဝေဝေမြင့်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 10,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအသိပညာ ဗဟုသုတဖွံ့ဖြိုးတိုးတက်ရေစေရန်အတွက် (၇၆)နှစ်မြောက် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း(ကြက်တည်)တွင်ပြုလုပ်သည်။