နမ့်စန်(တ) ဇူလိုင် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် တွင် (၇၆)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ ထက်၊လယ်၊မူအဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) သရဖီ ခန်းမတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံး၊ အလယ်တန်း နှင့်အထက်တန်းအဆင့် ကဗျာနှင့် အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတို့ကို သတ်မှတ် ခေါင်းစဉ်အလိုက် ယှဉ်ပြိုင်စေခဲ့ပြီး နမ့်စန်မြို့နယ်အတွင်းရှိ အ.ထ.က၊ အ.ထ.က(ခွဲ)၊ အ.လ.က၊ အ.လ.က(ခွဲ)ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း၊ စုစုပေါင်း (၁၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၇၁) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးဖြေဆိုနေမှုကို မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်နှင့် လက်ထောက် မြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများက စနစ်တကျကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)