သာကေတမြို့နယ်၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ သံလွင်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ်များ လူအများရှေ့တွင် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊အသိပညာ ဗဟုသုတများပြည့်ဝပြီး လက်ဆင့်ကမ်း မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ဗလငါးတန်ပြည့်ဝစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည်။