ဒဂုံအရှေ့ ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အမှတ်(၁၂)ရပ်ကွက် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်း က ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ယခုနှစ်မှ ကျောင်းစတင်တက်ရောက်သည့် KG ကျောင်းသား/ကျောင်းသူလေးများနှင့် ယခင်ပညာသင်နှစ်က အကြောင်း အမျိုးမျိုးဖြင့် ဆေးထိုးရန်ကျန်သည့် ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးနှစ်ကြိမ်နှင့် အထက်ထိုးနှံပြီးသည့် ကျောင်းသား/ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ပြီး ကျန်ရှိနေသော ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ် ဆရာဝန်ကြီးတို့က ကြီးကြပ်ကာသက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကလို အပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ ကျန်ရှိနေသော အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)