သနပ်ပင် ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က အခြေခံပညာအထက်တန်း(တောင်ဘက်ကမ်း)ကျောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(တောင်ဘက်ကမ်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဝင်းမှ အမှာစကားပြောကြားရာတွင် ယခုလိုစကားဝိုင်းပြုလုပ်ပေးသည့်အတွက် ကျောင်းသားလူငယ်များ အချင်းချင်း အသိပညာဗဟုသုတများ တိုးပွားလာစေပြီး၊ စဉ်စားတွေးခေါ်မှု တိုးတက်မြင့်မားလာစေကြောင်း၊ ပညာရဲရင့်ပွဲလယ်တင့် ဆိုသည့်စကားတိုင်း လူငယ်များပြောရဲဆိုရဲသည့် သတ္တိများရရှိလာမည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာမှ လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ပြီး အ.ထ.က (တောင်ဘက်ကမ်း) အထက်တန်းပြဆရာမ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း စတင်ခဲ့ရာ အ.ထ.က(တောင်ဘက်ကမ်း) Grade (12) မှ မောင်ကိုကိုခန့်က လူငယ်နှင့်ယဥ်ကျေးမှု၊ Grade(12) မှ မနှင်းဝင့်ထည်က လူငယ်နှင့်မူးယစ်၊ Grade(12) မှ မောင်အာကာမြတ်မင်းက လူငယ်နှင့်စာပေ၊ Grade(12) မမြတ်နိုးသူက လူငယ်နှင့်ကျန်းမာရေး၊ ကျောင်းသား၊ ကျောင်းသူ(၄)ဦးက အစရှိသည့် ခေါင်းစဥ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည် ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အ.ထ.က (တောင်ဘက်ကမ်း) ကျောင်းအုပ်ဆရာမကြီး ဒေါ် စန်းစန်းဝင်းနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့သည်။
လှမိုး(ပြန်/ဆက်)