သာကေတ ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ သံလွင်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ်များ လူအများရှေ့တွင် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊အသိပညာ ဗဟုသုတများပြည့်ဝပြီး လက်ဆင့်ကမ်း မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ဗလငါးတန်ပြည့်ဝစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက် ကိုပြောကြားပြီး၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမ ဒေါ်ခင်ပြုံးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူ၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမဒေါ်ဝင့်ဝါဦးတို့က ဦးဆောင်ဆွေးနွေးကာ သာကေတမြို့နယ် အတွင်းရှိအထက်တန်းကျောင်း (၆) ကျောင်း မှကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့်အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade (11) မောင်အောင်ကောင်းစံက လူငယ်နှင့်စာရိတ္တ၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း Grade (10) မမြဝတ်ရည်က လူငယ်နှင့်စာပေ၊ အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်း Grade(11) မောင်ဖြိုးဝေဖြိုးက လူငယ်နှင့်မူးယစ်ဆေး၊ အမှတ် (၄)အခြေခံပညာ အထက်တန်းကျောင်း Grade (11) မောင်စွမ်းထက်အောင်က လူငယ်နှင့်အားကစား၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း Grade (12) မကြည်ဖြူဦးက လူငယ်နှင့်နည်းပညာ၊ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်း Grade (11) မောင်ချစ်ကိုကိုက လူငယ်နှင့်ယဥ်ကျေးမှုတို့ကိုဆွေး နွေးခဲ့ကြရာ အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းပြီးသက်ဆိုင်ရာ ခေါင်းစဉ်အလိုက်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ(၆)ဦးမှ ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသားကျောင်းသူများမှ ကြည့်ရှု့ခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများ၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)