ကျောက်တန်း ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲကို ယနေနံနက် (၁၀)နာရီက၊ ကျောက်တန်းမြို့နယ်၊ မြို့မ (အ.လ.က)ကျောင်း၊ ရွှေသံလွှင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲကို ကျောက်တန်းမြို့နယ် ၊မြို့နယ်အခြေခံပညာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလှနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ ကျောင်းသူလူငယ်များအနေဖြင့် လူကုန်ကူးမှုနဲ့ ပတ်သတ်ပြီး အရေးယူဆောင်ရွက်လို့ရသည့် သိထိုက်သည့်အချက်များကိုလည်းကောင်း၊ ကျောက်တန်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ မှဒုရဲအုပ်ဒေါ်သဥ္ဇာခိုင်မှ လူကုန်ကူးမှုနှင့်ပတ်သတ်ပြီး ကျောင်းသားလူငယ်များအနေဖြင့် သိသင့်သိထိုက်သည့် ဥပဒေ၊ ပုဒ်မများကိုလည်းကောင်း အသိပညာပေးပြောကြားကာ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုသည်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။