ပြင်ဦးလွင်မြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ  

ပြင်ဦးလွင်ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၈ ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင်  ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ ဆရာ/ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများတက်ရောက်ကြသည်။  

ရှေးဉီးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး   ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က လူငယ်နှင့်သတင်းအချက်အလက် နည်းပညာခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်းနှင့်   ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ သက်နိုင်(ပြင်ဦးလွင်)မှ  ဘဝအတွက်ဘာတွေ ပြင်ဆင်ပြီးပြီလဲ ခေါင်းစဉ်ဖြင့်  အသီးသီးဆွေးနွေးပြောကြား ခဲ့ကြသည်။

ဆက်လက်ပြီး တာဝန်ရှိသူများက စာပေအသိပညာ ဗဟုသုတများစွာရရှိစေရန် ရည်ရွယ်၍  သုတ/ရသ စာအုပ်များ၊  စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသရာ  ကျောင်းသား/ကျောင်းသူများက  စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)