သတင်းများ

မြစ်ကြီးနားမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 12,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
ဆီဆိုင်မြို့နယ်၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာအား မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်း
Jul 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာအား ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီမှူး ဦးထျာရယ်နှင့် ဝန်ထမ်းများက ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို လွယ်ပွတ်ကျေးရွာအုပ်စု၊ ပင်းတယကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဟုမ္မလင်းခရိုင်ရှိ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊စီးပွားရေး လုပ်ငန်းရှင်းများနှင့်တွေ့ဆုံပွဲကျင်းပ
Jul 12,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဟုမ္မလင်းခရိုင်ရှိ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးအစီအစဥ်ဖြင့် ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းရှင်းများ၊ စိုက်ပျိုးရေး/ မွေးမြူရေး တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်၌ ကျွဲ၊ နွားတိရစ္ဆာန်များအား ခွာနာလျှာနာကာကွယ်ဆေးထိုးနှံပေး
Jul 12,2023
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားတိရစ္ဆာန်များ ခွာနာလျှာနာ ရောဂါကာကွယ်နိုင်ရေးအတွက် FMD ကာကွယ်ဆေးကို ယခုလအတွင်း ကျွဲ၊ နွားတိရစ္ဆာန် အ‌ကောင် (၉၀) အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
(၇၆) နှစ်မြောက် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 12,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ယနေ့ မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆) နှစ်မြောက်အာဇာ နည်နေ့အကြောင်းအသိပညာပေး ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Jul 12,2023
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့်စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား/သူလူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း    “ မြတ်ပန်းသဇင် ” ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်၊အမှတ် (၃၀) အ.ထ.က တွင် လူငယ်ရေးရာဟောပြောပွဲကျင်းပခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနား
Jul 12,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နံနက် ၉:၃၀ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကိုကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ပင်လောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ညှိုနှိုင်းအစည်းအဝေး ပြုလုပ်
Jul 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာညှိုနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်ဘက်စုံးသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။