ပန်ဆိုင်း ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်)မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများသည် မိုးတွင်းကာလတွင် တောင်ယာစိုက်ပျိုးခြံများနှင့် တောတောင်များအတွင်း၌ သဘာဝအလျောက် ထွက်ရှိသော ဒေသအခေါ် တောင်ပို့မှိုများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့နယ် အနီးအနားရှိ ကျေးရွာနေ ပြည်သူများသည် မိုးတွင်းကာလတွင် တောတောင်များအတွင်းရှိ တောင်ယာစိုက်ခင်းများနှင့် မြေလွတ်မြေရိုင်းများတွင် သဘာဝအလျောက် ထွက်ရှိလာသည့် စားမှိုများကို လိုက်လံရှာဖွေကြပြီး တွေ့ရှိလာသည့် မှိုများအား ရပ်ကွက်/ကျေးရွာများအတွင်း လိုက်လံရောင်းချခြင်း၊ လမ်းမကြီး၏ဘေးတွင် ခင်းကျင်းရောင်းချခြင်းနှင့် ဈေးအတွင်း၌ ရောင်းချခြင်းတို့ဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေ ရရှိရန် ဆောင်ရွက်ကြရာ အနီးအနားရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများက ဝယ်ယူစားသုံးကြကြောင်း သိရသည်။
အဆိုပါ မိုးတွင်းကာလတွင် သဘာဝအလျောက်ထွက်ရှိသော မှိုများကို အဖူး၊ အငုံ၊ အပွင့် အမျိုးအစားများ ၊ အရွယ်အစားနှင့် အရေအတွက်အပေါ် မှုတည်၍ တစ်ကျင်လျှင် (၁၄၀၀၀)ကျပ် (တရုတ်ယွမ် ငွေ၃၅ယွမ်)မှ တစ်ပိဿာလျှင် ကျပ်(၄၀၀၀၀/)ကျော်အထိ ဈေးနှုန်း သတ်မှတ်ပြီး ရောင်းချကြကြောင်းနှင့် မှိုဆီကြော် ပြုလုပ်ပြီး ရောင်းချပါက ဗူးငယ်(၁)ဗူးလျှင် (၂၀၀၀၀)ကျပ်မှ (၃၀၀၀၀)ကျပ်အထိ ဈေးရရှိသောကြောင့် မှိုရှာဖွေရောင်ချကြသည့် ကျေးရွာနေပြည်သူများ မိသားစု အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)