မိုင်း‌ငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (KG မှ Grade-5)ကျောင်းသား၊ ကျောင်းသူ (၂၂၇)ဦးအား ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေး

မိုင်းငေါ့ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းအဆင့် (KG မှ Grade-5) ကျောင်းသား၊ ကျောင်းသူ(၂၂၇)ဦးအား ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က  ကျောက်စိမ်း ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့မှ ကျောင်းသား/သူများအား တစ်ကိုယ်ရည်သန့်ရှင်းရေးများ စစ်ဆေးခြင်း၊ အရေပြား ရောဂါများစစ်ဆေးခြင်း၊ မျက်လုံးအမြင် အာရုံများစစ်ဆေးခြင်း၊ နား၊ နှာခေါင်း၊ လည်‌ချောင်း၊ လည်ပင်းရောဂါများစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးခြင်း၊ ကိုယ်ကလေးချိန်များ တိုင်းတာခြင်း အခြားရောဂါလက္ခဏများရှိ /မရှိစစ်ဆေးခြင်းနှင့် ကျန်းမာ‌ရေးအသိပညာပေး လုပ်ငန်းများကိုဆောင်ရွက်ပေးရာ ဆရာ/ဆရာမများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်သွယ်( မိုင်းငေါ့ ပြန်/ဆက်)