နိုင်ငံ့စီးပွားမြှင့်တင်ရေး ဆောင်ရွက်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မအူပင် ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်မှု လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

အဆိုပါစစ်ဆေးမှုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ (၈)ဘီလီယံဖြင့် ဆောင်ရွက်လျက်ရှိသည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း ထုတ်ကုန်များ အရည်အသွေးမြှင့်တင်ခြင်း လုပ်ငန်း၊ မျိုးစေ့ထုတ်ဧက (၁၀၀) ဆောင်ရွက်ထားရှိမှုလုပ်ငန်း၊ အားမာန်လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ORO World ကုမ္ပဏီမှ ဆောင်ရွက်နေမှု လုပ်ငန်းများအား ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီးမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)