ခန္တီးမြို့တွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် မြေပြိုကျမှုနှင့် မြေနိမ့်ပိုင်းနေရာအချို့ရှိ နေအိမ်များ မိုးရေဝင်ရောက်မှုဖြစ်

ခန္တီး     ဇူလိုင်  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခန္တီးမြို့ဇီးဖြူကုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းဆွမ်းချက်ဆောင်(၃)ပင်(၂)ခန်း၊ သွပ်မိုး၊ မြေစိုက်အဆောင်ရှိ အဖီ(၁၀)ပေပတ်လည်ခန့် မြေပြို၍ပျက်စီးမှုနှင့် ဇီးဖြူကုန်းရပ်ကွက်မြို့ပတ်လမ်းတွင် ပေ(၃၀)ခန့်မြေ ပြိုကျ၍လမ်းပိတ်ခြင်းများဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါမိုးရွာသွန်းမှုကြောင့် မြို့မရပ်ကွက်နှင့် ပေါမိုင်းရပ်ကွက်အတွင်းရှိ မြေနိမ့်ပိုင်းနေအိမ်အချို့ မိုးရေဝင်ရောက်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။

ခန္တီးမြို့တွင် ဇူလိုင်လ(၁၂)ရက်နေ့ ညနေ(၆)နာရီခွဲမှ (၁၃)ရက်နေ့နံနက်(၆)နာရီခွဲအထိ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ မိုးရေချိန်လက်မ(၁၂.၂၄)လက်မရှိပြီး ခန္တီးမြို့၏စိုးရိမ်ရေအမှတ်မှာ (၁၃၆၀)စင်တီမီတာဖြစ်ကာ ဇူလိုင်လ(၁၃)ရက်နေ့ တိုင်းထွာချက်အရ(၁၂၄၅)စင်တီမီတာရှိပြီဖြစ်သဖြင့် စိုးရိမ်ရေအမှတ် အောက် (၃)ပေခန့်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)