ဗဟန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်  ဇူလိုင် ၁၄

လူငယ်များအသိပညာဗဟုသုတများနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်နှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်()အခြေခံပညာအလယ်တန်းကျောင်း(ဗဟန်း)မြတ်ပန်းမဥ္ဇူခန်းမ၌ ကျင်းပသည်။

ဦးစွာအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအေးချိုတူးက လူငယ်ရေးရာအသိပညာပေးဟောပြောပြီး မြန်မာနိုင်ငံအားကစားသမားဟောင်းများအဖွဲ့မှဒေါ်မာမာမင်းက အားကစားဆိုင်ရာအသိပညာများ ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနောက်ပိုင်းခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးမှ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဗဟန်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်အောင်မာဝင်း(အားကစားမှူး)က လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။

ယင်းနောက်အခမ်းအနားတက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများကမိမိတို့သိရှိလိုသည့် အသိပညာဗဟုသုတနှင့်ဆိုင်သည့်မေးခွန်းများကို မေးမြန်ကြရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက်အားကစားအဖွဲ့များမှ ဝူရှူး၊ ရိုးရာခြင်းအားကစားနည်းသရုပ်ပြသခြင်း၊ Fitness Dance သရုပ်ပြသခြင်းတို့ကို ဆောင်ရွက်ကြရာ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဖြိုးပိုပိုထွေးက အားကစားသရုပ်ပြအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး အမှတ်()အခြေခံပညာအလယ်တန်းကျောင်း(ဗဟန်း)အတွက် အားကစားပစ္စည်းများကို ဗဟန်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဒေါ်အောင်မာဝင်း(အားကစားမှူး)က ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာ နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)