စုကလိ ဇူလိုင် ၁၄
ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် ၇၆နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက စုကလိမြို့ အခြေခံပညာ အထက်တန်းကျောင်း(အ.ထ.က စုကလိ)တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က အာဇာနည်နေ့ပေါ်ပေါက်လာပုံ အကြောင်း၊ ယနေ့လူငယ်များအနေဖြင့် မိမိတို့အတွက်လွတ်လပ်ရေး အရယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး (၈) ဦးတို့၏ အတ္ထုပ္ပတိများအကြောင်း၊ လုပ်ကြံခံရပြီးနောက် မြန်မာနိုင်ငံအခြေအနေတို့ကို ကျောင်းသားလူငယ်များအား အသိပညာ ဗဟုသုတရရှိစေရန် ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်ပြဘုတ်များအား ကျောင်းသူ/ကျောင်းသားများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး အခမ်းအနားကို ညနေ ၄ နာရီ တွင် ရုပ်သိမ်းခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများအား အသိပညာပေးဟောပြောပွဲများအား ဦးစီးဌာန၏ လုပ်ငန်းတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့များတွင်သော်လည်းကောင်း၊ အသိပညာပေးချက်များ ဆောင်ရွက်ရမည့် အချိန်များတွင် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပိုပိုအောင်