ရခိုင်ပြည်နယ်မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံသို့ ကြည့်ရှုစစ်ဆေး

မောင်တော ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့်‌လေဘေးသင့်ပြီး ပျက်စီးခဲ့သောကျေးရွာများရှိ ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်၊ မိုးစပါးပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုအား ကြည့်ရှုအားပေး၊ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရောက်ရှိမှုအားကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်‌ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့်တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျောက်ပန္ဒူ ကျေးရွာ၊ မြိုယုကျေးရွာ၊ ပဲရုံကျေးရွာ၊ အင်းဒင်ကျေးရွာနှင့် အောင်သုခကျေးရွာများရှိ ပြည်သူများအတွက်  ထောက်ပံ့ပေးအပ်သော လက်သမားအိတ် ၊ အိမ်ရိုက်သံ ၊ သွပ်ရိုက်သံ၊ အဝတ်အစားများ ၊ ပစ္စည်းငါးမျိုးပါမိသားစုသုံးဘူးများနှင့် ရေတိုင်ကီတို့အား  ရွာသူရွာသားများလက်ဝယ်သို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာတာဝန်ရှိသူများက လက်ခံရယူကြသည်။ ဆက်လက်၍ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်‌ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် တာ၀န်ရှိသူများသည် သရေကုန်းဘောင်ကျေးရွာတွင် ရွာကွင်းအမှတ်(၁၁၂/ခ)ရှိတောင်သူ ၁၂ ဦး၏ ၂၀၂၃-၂၀၂၄ ခုနှစ် ပေါ်ဆန်းရင်မျိုးစပါးမျိုးစေ့ထုတ်ဧက ၂၀ တွင် မျိုးစပါးများပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်‌ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးနေဦး နှင့် တာ၀န်ရှိသူများသည် ၆၆ /၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရောက်ရှိနေမှုများအားကြည့်ရှုကာ  ဓာတ်အားခွဲရုံ တာဝန်ရှိသူများက  ယမန်နေ့နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ဓာတ်အားလိုင်းလက်ခံရရှိမှုနှင့် လျှပ်စစ်မီးများဆက်လက်ဖြန့်ဖြူးပေးရေးအတွက် ဆောင်ရွက်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ပြီး  လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း  တာဝန်ရှိသူများအားမှာကြားခဲ့‌ပြီး ဓာတ်အားခွဲရုံတွင် တာ၀န်ထမ်း‌ဆောင်နေကြသော ၀န်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ  လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)