လဟယ် ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျန်းမာရေးအသိပညာပေးဟောပြောခြင့်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန် သာသနာ့ပါလဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝိုင်းအောင်မှ မိုးရာသီကာလ တွင်ဖြစ်ပွားတတ်သော ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးရှောင်ရန်၊ ဆောင်ရန်အချက်များနှင့် ခြင်ကြောင့်ဖြစ်ပွားတတ်သောသွေးလွန် တုတ်ကွေးနှင့် ရာသီတုတ်ကွေးရောဂါ အကြောင်းအရာများ ဟောပြောဆွေးနွေးပြီး တကိုယ်ရေသန့်ရှင်းနှင့် လက်ကိုစင်ကြယ်စွာ စက္ကန့်နှစ်ဆယ်ခန့်ဆေးကြောနည်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရှားဆက်မှ စာဖတ်ရှိန်မြင့်တင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကလေး အလုပ်သမားပပျောက်ရေးခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကလေးအလုပ်သမားရဲ့ အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များ၊ကလေးအလုပ် သမားပပျောက်ရေးရည်မှန်းချက်များနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်ကျန်းမာရေးကုသရေးဦးစီးဌာနမှူး ဒေါက်တာဝိုင်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက်ဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)