ဟင်္သာတ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ပျားမွေးမြူရေးပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်ထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ခရိူင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းမှ အဖွင့်အမှာ စကား ပြောကြားခဲ့ပြီးနောက် မွေးမြူရေးနင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ ဖြိုးရေးဌာနခွဲ ရန်ကုန်တိုင်း တာဝန်ခံဦးကျော်ကျော်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ဇလွန် ၊လေးမျက်နှာ မြို့နယ်များမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ သုံးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)