ပေါက်တောမြို့နယ်၌ အထွက်ကောင်း မျိုးစပါး GW-11 စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ပေါက်တော  ဇူလိုင် ၁၄

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာ တောင်သူ ဦးထွန်းသာစိန်၏ လယ်၌ ယမန်နေ့ ညနေပိုင်းတွင် အထွက်ကောင်း မျိုးစပါး GW-11 စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပေါက်တောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက အထွက် ကောင်းမျိုးစပါး GW-11 စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက  အထွက်ကောင်း မျိုးစပါး GW-11 စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြသကြပြီး တက်ရောက်လာကြသည့် ဒေသခံ တောင်သူများကလည်း သိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြသည်။ ကွင်းသရုပ်ပြပွဲသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ ပေါက်တောမြို့နယ် တာဝန်ခံဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ အထွက်ကောင်း မျိုးစပါး GW-11 စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ ဗိုလ်မှူးချုပ် ဆန်နီအုန်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး၊ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေး နှင့် ဝန်ထမ်းများ၊ ဒေသခံတောင် သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)