ရွှေကျင် ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉)ရက် နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးများတွင် ပြိုင်ပွဲဝင် ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဆုပေးပွဲကို ယနေ့ နံနက်(၁၀)နာရီတွင် အ-ထ-က(ရွှေကျင်)ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ဦးက အာဇာနည်နေ့ ဖြစ်ပေါ်လာရ သည့် အကြောင်းများ၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်နှင့် အလယ်တန်းပြ ဆရာကြီး ဦးကျော်ဝင်းတို့က အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ် ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ပုံ အကြောင်းများအား ဟောပြောခဲ့သည်။ ဆက်လက်ပြီး အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄)ဦးတို့က အာဇာနည်ခေါင်းဆောင်(၉)ဦး၏ သမိုင်းကြောင်းများအား အသိပညာ ပေး ဟောပြောခဲ့သည်။
ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးများတွင် ပြိုင်ပွဲဝင်ခဲ့ကြ သည့် ထက်-လယ်-မူ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦး ရှိခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြာင်း သိရ သည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)