မိုင်းပန် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကျောင်းသား/သူများ အသိပညာပြန့်ပွားတိုးတက်စေရေးအတွက် အခြေခံပညာမူလတန်းကျောင်း(ညောင်ခမ်း)နှင့် (နောင်လုံ) ကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီအချိန်က နယ်လှည့်လှုပ်ရှားစာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်က လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း ဟောပြောပွဲကျင်းပခဲ့ပြီး ကျောင်းသား/သူများအား စာအုပ်စာစောင်များပြသပေးခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)