မိုင်းခတ်မြို့နယ်တွင်၂၀၂၃ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားမိုးရာသီ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

မိုင်းခတ်  ဇူလိုင်  ၁၆

၂၀၂၃ ခုနှစ်၊ မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌဖလားမိုးရာသီအလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုဇူလိုင် လ ၁၅ ရက် ညနေ ၃နာရီအချိန်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊မိုင်းခတ်မြို့နယ်အားကစားကွင်း၌ စည်ကားစွာကျင်းပခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအသင်းသားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)မှ ကျောင်းသား၊ ကျောင်းသူလေးများ စုစုပေါင်းအင်အား(၃၀၀)တို့က ထာဝရမြန်မာတေးသီချင်းဖြင့် Mong Khat စာလုံးပုံဖော်ကာကပြဖျော်ဖြေပြီး စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် စစ်ဗျူဟာအဖွဲ့ (အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရာဇာထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းသားများအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး ဖွင့်ပွဲပထမနေ့တွင်စစ်ဗျူဟာအဖွဲ့ (မိုင်းခတ်)နှင့် အာခါလူငယ်အသင်း (A.K.Y-FC)အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအား အုပ်စု(၃)စုခွဲကာ အုပ်စု(က)တွင် စဗခ (မိုင်းခတ်)၊A.K.Y(FC)၊ Mong Han(FC)၊အုပ်စု(ခ)တွင် အ.ထ.က(မိုင်းခတ်)၊ ဖာလန်ကော်၊ MT.FC(F.S.D)နှင့် အုပ်စု(ဂ)တွင် ကိုဖြိုး(FC)၊ ဝန်ထမ်းပေါင်းစုံ၊U-45 အသင်းတို့ဖြစ်ပြီးဗိုလ်လုပွဲ နှင့်ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လ၃၁ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)