ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ခရစ်နှစ် ၁၂၄၈ ခုနှစ်တွင် တည်ထားသည့် နန္ဒမညာဘုရားရှိ ဗုဒ္ဓဝင်ဆိုင်ရာ နံရံပန်းချီဇာတ်ကွက်များနှင့် ကနုတ်ပန်းများကိုလေ့လာနိုင်

ညောင်ဦး  ဇူလိုင်  ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ခုနှစ် ၁၂၄၈ ခုနှစ်ကတည်ထားသည့် နန္ဒမညဂူဘုရားအတွင်းရှိ ဗုဒ္ဓဝင်ဆိုင်ရာနံရံပန်းချီဇာတ် ကွက်များနှင့် ကနုတ်ပန်းများကိုလေ့လာနိုင်ကြောင်း သိရသည်။

နန္ဒမညဂူဘုရားသည် နန္ဒပညာဥမင်လိုဏ်ဂူအနီး ကြပ်ကန်တောရကျောင်းအနီး တွင်တည်ရှိပြီး နန္တပညာ၏ အဓိပ္ပါယ်မှာ အဆုံးအစမရှိသော ပညာဉာဏ်ဟူ၍လည်းကောင်း၊ အနန္တပညာဘွဲ့အမည်ရှိ မထေရ်မြတ်သီတင်းသုံးရာ ဥမင်အနီးတွင်တည်ရှိခြင်း ကြောင့်လည်းကောင်း အစွဲပြု၍ခေါ်တွင်ခဲ့ခြင်းဖြစ်ကြောင်း၊ အရှေ့ဘက်မုခ်လှည့်လိုဏ်ဂူ ငယ်စေတီပေါက်ဘုရားတစ်ဆူဖြစ်ပြီး ဘုရား၏အပြင်ဘက်တွင် အင်္ဂတေပန်းလက်ရာများ ၊ဘုရားအတွင်းတွင် တန္တရအယူဝါဒဆိုင်ရာနံရံပန်းချီများ၊ ဗုဒ္ဓဝင်ဆိုင်ရာနံရံပန်းချီဇာတ် ကွက်များနှင့်ကနုတ်ပန်းများဖြင့် တန်ဆာဆင်ထားတာကို့တွေ့ရှိလေ့လာနိုင်ပြီး ဘုရားအတွင်း၌ စိုက်ထူထားသောကျောက်စာအရ ခရစ်နှစ် ၁၂၄၈ ခုနှစ်တွင် နရပတိစည်သူမင်း ကြီးအမိန့်ဖြင့်တည်ထားခဲ့သည့်ဘုရားဟု သမိုင်းမှတ်တမ်းများအရသိရသည်။

နန္ဒမညာဘုရား၏ အရှေ့ဘက်တွင် နန္ဒပညာဥမင်လိုဏ်ဂူ၊ ကြပ်ကန်တောရကျောင်း၊ မြောက်ဘက်တွင် ရှင်အဇ္ဇဂေါဏဘုရား၊ ဝိနည်းဓိုလ်ဘုရားအစုအဝေး၊ အနောက်ဘက်တွင် မလာဖြစ်ဘုရား၊ မလုံးဖြစ်ဘုရား၊ တောင်ဘက်တွင် ဘုရားသုံးဆူ၊ သမ္ဘူလဘုရား၊ နရသီဟပတေ့ဘုရား၊ လေးမျက်နှာဘုရားနှင့်တဆက်တစ်စပ်တည်း ဘုရား၊စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများကို လေ့လာနိုင်ကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ ဆက်)