သတင်းများ

ကရင်ပြည်နယ်အတွင်း မျိုးကောင့်မျိုးသန့်လွှမ်းခြုံစိုက်ပျိုးနိုင်ရန် မျိုးစေ့ထုတ်စိုက်ခင်းဧက(၁၀၀၀)စိုက်ပျိုး၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး
Jul 16,2023
စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းစီးပွားမြှင့်တင်နိုင်ရေးအတွက် လယ်ယာထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်လိုပြီး
သက်ကြီးဘိုးဘွား(၉၆၅)ဦးအား  လူမှုရေးပင်စင်(၂၈၉)သိန်းကျော် ထောက်ပံ့ပေးအပ်
Jul 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃ ခုနှစ်( ဧပြီ၊မေ ဇွန်)သုံးလအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေ ၄း၃၀ နာရီအချိန်ခန့်က အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာ ယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်တက္ကသိုလ်တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း (သာမန်)အဆင့်သင်တန်း(၁/၂၀၂၃)နှင့် သက်မွေးပညာ အထောက်အကူပြု သင်တန်းများဖွင့်လှစ်
Jul 16,2023
မြိတ်  ဇူလိုင်  ၁၆ မြိတ်တက္ကသိုလ်တွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်း(သာမန်)အဆင့် သင်တန်း(၁/၂၀၂၃)နှင့် သက်မွေးပညာ အထောက်အကူပြု ထိုင်းဘာသာစကားသင်တန်းနှင့်  သံချည်/ သံကွေး/ ဂဟေဆက်သင်တန်းများကို  တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
မလှိုင်မြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ
Jul 16,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပညာရေးဌာနကကြီးမှူး၍   ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့်ဆောင်းပါးပြိုင်ပွဲများကို
စလင်းမြို့နယ်တွင်  အားကစားနှင့်  ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပပြုလုပ်
Jul 16,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို  ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ  မိုးလုံလေလုံအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လွိုင်လင်မြို့တွင် လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်-၃ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးမှ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးခဲ့သည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်
Jul 16,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အတတ်ပညာတစ်ခုဖြင့် အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပထမဆုရ တာချီလိတ်မြို့နယ်အသင်းအား သွားရောက်ကြိုဆိုဂုဏ်ပြု
Jul 16,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့ထိ ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊  မြို့နယ်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်