စေတုတ္တရာ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ တောင်မြေနီကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပွဲကို သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့ပြီး မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းစိုး ဦးဆောင်၍ ဝန်ထမ်းများမှ ပျိုးပင်များ ဖြန့်ဝေပေးခဲ့ပြီး လူအင်အား (၁၅၀) ကျော်မှ သစ်ပင်များအား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။ ပါဝင်သော ပျိုးပင်များမှာ ကျွန်း(၂၅၀)ပင်၊ မဲဇလီ(၂၅၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း(၅၀၀)ပင် စိုက်ပျိုးခဲ့ပြီး ဗန်ဒါ (၅၅)ပင်၊ ရေတမာ(၁၀၀)ပင်၊ ကံ့ကော်(၃၀)ပင်၊ ပုန်းညက်(၅၅)ပင်၊ စုစုပေါင်း ပျိုးပင်ပေါင်း(၂၄၀)ပင်အား ကျေးရွာအတွင်း ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)