ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ ကုန်အညွှန်အမှတ်အ သားပြည့်စုံစွာ ပါရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ် ဈေး၊ စတိုးဆိုင်များတွင်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ  ကုန်စည်များ၌ ကုန်အညွှန်းအမှတ် ပြည့်စုံစွာပါရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်  ၉ နာရီခွဲအချိန်ကစစ်ဆေးခဲ့ကြောင်းသိ ရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်၊ ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအေဖြိုး အောင်(ဒုတိယဦးစီးမှူး)တို့ ဦးဆောင်ကာ ညောင်ဦးမြို့နယ် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချလျှက်ရှိသည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ် သက်၍ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်စား သုံးသူပြည်သူများအား အသိပညာပေးခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊MSME   စီးပွားရေးလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး၊ နေ့စဉ်၊ အပတ်စဉ် ၊ လစဉ် ဆောင်ရွက်လျှက်ရှိပြီး လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မိတ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ ဆက်)