ဒဂုံအရှေ့ ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နဲ့အညီပန်းခင်း(၂)စီမံချက်ဖြင့် ဝန်ထမ်းများသည်အဖွဲ့များခွဲကာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရပ်ကွက်များဖြစ်သော အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၁၂)ရပ်ကွက်တွင် ပြည်သူ့များအား နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်း(၉)နာရီက မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပနိးခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးကျော်ဝင်းထွန်း၏ ကြီးကြပ်မှုဖြင့်အဖွဲ့(၁)မှလဝကမှူး ဒေါ်စိုးစိုးအေးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် အမှတ်(၅)ရပ်ကွက်တွင်လည်းကောင်း၊ အဖွဲ့(၄)ဒုလဝကမှူး ဒေါ်သဇင်ဦးဆောင်သောဝန်ထမ်းများမှ အမှတ်(၁၂)ရပ်ကွက်တွင်လည်းကောင်း အသက်(၁-၂-၂၀၂၄)တွင် အသက်၁၈နှစ်ပြည့်လာမည်သူများ အသက်(၁၆)နှစ်(၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်အထက်ရှိသူ ပြည်သူ့များအားနိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ရာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ ဆက်)