ပိုင်ကျုံ ဇူလိုင် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု၊ မိုးနိုင်းကျေးရွာ၊ အ.မ.က (လွန်)စာသင်ကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတို့မှ မိုးနိုင်ကျေးရွာအုပ်စုတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များဆောင်ရွက်နိုရေးအတွက် ဇူလိုင်လ ၁၅ရက်နေ့က ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှ ယာယီရဲမှူးသိန်းထွန်းမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များ၊ PDFနှင့် အခြားတရား မဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်းများတွင် ရောက်ရှိနေသူများအား အလင်းဝင်ရောက် မည်ဆိုပါက ပြန်လည်ကြိုဆိုလျက်ရှိသည့်ကိစ္စရပ်များ၊ အင်တာနက်စာမျက်နှာများမှတဆင့် အကြမ်းဖက် အဖွဲ့အစည်းများအား အလှူငွေထည့်ဝင်လှူဒါန်းခြင်း မပြုလုပ်ကြရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ အဖွဲ့ဝင်-၂ ဦးသိန်းဇော်မှ ပညာရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေမှအဖွဲ့၏ ဆောင်ရွက်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်း ဆဆွေးနွေခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့မှ မိမိတို့၏ဌာနလုပ်ငန်းများနှင့် ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ဒေသခံပြည်သူများတို့မှ မိမိဒေသ၏ ဆောင်ရွက်ချက်များနှင့်လိုအပ်ချက်များကို တင်ပြဆွေးနွေးပြီး သက်ဆိုင်ရာဌာနများမှ ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူလုံခြုံရေးအဖွဲ့ဝင်များ၊ ရပ်မိ/ ဖများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ ဆက်)