မတ္တရာမြို့နယ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုအလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ် ပြိုင်ပွဲများကျင်းပ

မတ္တရာ ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကို ဇူလိုင်လ (၁၆) ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို နံနက်ပိုင်းတွင် “လွမ်းဆွတ်ရသည့်အာဇာနည်” ခေါင်းစဉ်ဖြင့်ကျင်းပရာ အခြေခံပညာကျောင်းများမှ ဖြေဆိုသူ (၁၅) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး နေ့လည်ပိုင်းတွင် အလယ်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲကို “အသက်ပဓာနမထားအာဇာနည်ဖွား” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာ  အခြေခံပညာကျောင်းများမှ ဖြေဆိုသူ (၁၅) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဇူလိုင်လ (၁၈) ရက်နေ့တွင် အခမ်းအနားဖြင့် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)