ငပုတော ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာ(၉၂)အုပ်စုအတွင်းရှိဘိုးဘွား( ၁၇၆၁)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၅၂၈၃၀၀၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့မှ ရက်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် စာရေးဝန်ထမ်းတို့က ဘိုးဘွားများထံ လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည် ။
အောင်သူ (ပြန်/ ဆက်)