ငပုတော ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ သွင်းအားစုများ ထုတ်ချေးပေးနိုင်ရေးနှင့် မိုးစပါးတစ်ဧကလျှင် (၁၀) တင်းနှုန်း တိုးထွက်စေရေး အတွက် ယမန်နေ့ညနေပိုင်းက လိပ်ချောင်းကျေးရွာအုပ်စု၊ ဒယ်ကုန်းကျေးရွာရှိ မိုးစပါးစိုက်တောင်သူများအား ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ယမန်နေ့ညနေပိုင်းက မြို့နယ်စီအုပ်ချုပ်ရေး အုပ်ချုပ်ရေး အဖွဲ့မှ တွေ့ဆုံခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများက တောင်သူများနှင့်တွေ့ဆုံပြီး နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေအားမိုးစပါး တစ်ဧကလျှင် (၂)သိန်းနှင့် ညီမျှသော သွင်းအားစုများ ဖြစ်သည့် ဓာတ်မြေသြဇာများကို ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ပြန်လည်ပေးသွင်းရမည့်ကာလတွင် အကြေပေးသွင်းရန်နှင့် အခြားလိုအပ်သည်များဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၂)ဦးသန်းဦးက မိုးစပါးတစ်ဧကလျင် တစ်ဧက (၁၀) တင်းနှုန်းတိုးထွက်စေရေး အသိပညာပေးပြောကြာပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးထွန်းမျိုးသန့်က ဓာတ်မြေသြဇာ စနစ်တကျ သုံးစွဲနည်းများကို စနစ်တကျပြောကြားခဲ့သည်။
ထို့နောက် တောင်သူများကသိရှိလိုသူများအား မေးမြန်တင်ပြရာ တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။
အောင်သူ (ပြန်/ဆက် )