ငရုတ်ကောင်းမြို့ (အ.ထ.က) ကျောင်း၌ (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီစွမ်းရည်ပြိုင်ပွဲကျင်းပ

ငရုတ်ကောင်း၊ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ (အ.ထ.က) ကျောင်းတွင်ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံတော်၏အထိမ်းမ်းအမှတ်နေ့များကို သတိရစေရန်၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်ထက်မြက်စေရန်ရည်ရွယ်ပြီး စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကငရုတ်ကောင်းမြို့ (အ.ထ.က) ရှိရွှေရတုခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံပြိုင်ပွဲနှင့် ပန်းချီစွမ်းရည်ပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်းအဆင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိကျောင်းသား၊ ကျောင်းသူများအားဆုများ အသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ငရုတ်ကောင်း (ပြန်/ဆက်)