ဇလွန် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊စားသုံးသူရေးရာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အ.လ.က မြင်းတဲကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် အ.လ.က မြင်းတဲကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြချိုက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး အကြောင်းအရာများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က လူငယ်နှင့်ခေါင်းဆောင်မှု အကြောင်းသိကောင်းစရာများနှင့် ကျောင်းသား/ကျောင်းသူများ အားကစားကို စိတ်ပါဝင်စားလာစေရန် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးရန်မသင့်သည့် အစားအစာများကို စားသုံးရန်မသင့်သည့် အကြောင်းအရာများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့မိုးက ကျားမရေးရာအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိန်းမှုအသိပညာပေး အကြောင်းအရာများကို အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)