လိပ်သို ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း (၇၀) ကျော်ရှိခဲ့ပြီဖြစ်သော်လည်း ယနေ့ထက်တိုင် မေ့မရနိုင်သော နေ့တစ်နေ့ဖြစ်ကြောင်း နှင့် Talk Show ဆွေးနွေးပွဲ အစီအစဉ် ပြုလုပ်ရခြင်းတို့ကိုလည်းကောင်း၊ လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ဝေဝေလွင်က အာဇာနည် ခေါင်းဆောင်ကြီး များ၏ ကိုယ်ရေးအတ္ထုပတ္တိများ၊ အာဇာနည်ကြီးများ၏ဂုဏ်သိက္ခာသည် မြင့်မြတ်ပြီး ဂုဏ်ကျေးဇူး ကြီးမားလွန်းလှပါကြောင်း၊ အာဇာနည်နေ့သည် မြန်မာ တစ်မျိုးသားလုံးအတွက် မမေ့အပ်သည့် အမျိုးသားရေးတာဝန်အဖြစ် အမြဲအောက်မေ့သတိရပြီး ကျောင်းသားလူငယ်များက အာဇာနည်ခေါင်းဆောင်ကြီး များ၏ စိတ်ဓာတ်များကိုအတုယူကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း ချစ်ကြည်စည်းလုံးရေးကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းတို့ကိုလည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုဗဟုသုတ ရရှိစေရန် ပြည်သူ့အကျိုးပြု အသိပညာပေးရေး လုပ်ငန်းများကို (Online) မှတစ်ဆင့် စဉ်ဆက်မပြတ် လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်