ပေါင်းတည် ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊စက်တင်ဘာလ ၁၃ရက်နေ့တွင် ကျရောက်မည့်လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြို ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည် )၊ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က ကျောင်းသား၊ကျောင်းသူ လူငယ်လေးများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးသိကောင်းစရာများဖြင့် တက်ရောက်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး မြင့်ဇော်နိုင်နှင့် မြို့နယ်ဥပဒေအရာရှိ ဦးရဲမင်းဝင်းတို့က.လူကုန်ကူးမှုအကြောင်း၊ လူကုန်ကူးမှုဆိုင်ရာဥပဒေများနှင့် ပြစ်ဒဏ်များအကြောင်းဟောပြောသည်။
ယင်းနောက် အခမ်းနားသို့တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ ၅ဦးက လူကုန်ကူးမှုနှင့်ပတ်သက်၍ သိလိုသည်များကို အသီးသီးမေးမြန်းကြရာ မြို့နယ်ဥပဒေအရာရှိ ဦးရဲမင်းဝင်းက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများ မှဆရာကြီး၊ဆရာမကြီးများ၊ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း ၃၀၀ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ ဆက်)