ကောလင်းမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ကောလင်း ဇူလိုင် ၁၈

၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(မြောက်အင်း)တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြလုပ်သည်။

ရှေးဦးစွာ ကောလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးထိန်လင်းထွန်းက အဖွင့််အမှာစကားနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးခက်က အာဇာနည်ခေါင်းဆောင် ကိုးဦးတို့၏ သမိုင်းအကျဉ်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှု သမိုင်းကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်  (ထက်၊ လယ်၊ မူ) အဆင့်် စာစီစာကုံးပြိုင်ပွဲနှင့်် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားအပြီးတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံ ကပ်စာစောင်နှင့် ဓာတ်ပုံများအားပြသခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မင်းမင်း