ငါးသိုင်းချောင်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ (အ.ထ.က) ကျောင်းတွင် (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောက်ရွက်ခြင်းကို ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရေကြည်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၉)နာရီ(၃၀)မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင် သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ငါးသိုင်းချောင်း(အ.ထ.က) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးဒေါ် ဇင်မီမီဝင်းက လူငယ်နှင့်စာပေ၊ စာရေးဆရာ လွှမ်းမျိုးဦး(စကားဝါမြေ)က သူရဲကောင်းနဲ့အာဇာနည်၊ စာရေးဆရာ သိန်းဇော်(ရွှေလီဦး)က အာဇာနည်နေ့အမှတ်တရစသည့် ခေါင်းစဥ်အသီးသီးဖြင့် ဟောပြောခဲ့ကြကြောင်း သိရသည်။ အခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၁၀) ဦးတက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်ပုဂ္ဂိုလ်တို့၏ အကြောင်းအရာများကို နံရံကပ်စာစောင်များဖြင့် ပြသခဲ့ကြောင်း သိရှိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)