သတင်းများ

မန့်ဟီးရိုးမြို့ရှိ အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Jul 18,2023
လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများ လူမှုရေးပင်စင်ထောက်ပံငွေများ ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ အဘိုးအဘွားများကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်က တစ်အိပ်တက်ဆင်း လက်ဝယ်အရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့်ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ
Jul 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁၂)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
တန့်ယန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ
Jul 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် သွေးလွန်တုပ်ကွေးရောဂါ အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
မြိတ်မြို့တွင် ဖိတ်ခေါ် ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 18,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုတက်ရေးနှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားဖိတ်ခေါ်ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ပိုင်းက ခရိုင်အားကစားခန်းမတွင် ကျင်းပသည်။
ဖျာပုံမြို့ ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနှင့် လူငယ်အသိပညာပေး၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနှင့် ကျောင်းသား၊ ကျောင်းသူများကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်း၊နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင်လ (၁၈) ရက်နေ့ နံနက်(၁၁)နာရီ အချိန်က ဖျာပုံမြို့နယ်ကျုံကူကျေးရွာ အ.လ.က (ခွဲ)(ကျုံကူတူးမြောင်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ပန်းတနော်မြို့နယ်တွင် ဝက်မွေးမြူခြင်းလုပ်ငန်း ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီအရင်ခံစာအတွက် အများပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ထူထက်ဟန် ကုမ္ပဏီလီမိတက်၏ ဝက်မွေးမြူခြင်းလုပ်ငန်း ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီအရင်ခံစာအတွက် အများပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန အဆောက်အအုံ Meeting Room ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမ၌ အာဇာနည်နေ့ အသိပညာပေး Talk Show ပြုလုပ်
Jul 18,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီက ဝိုင်းမော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ကျင်းပသည်။