အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်အတွက် ကျေးရွာချင်းဆက်လမ်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို မိုးတွင်းကာလမရောက်မီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီကျင်းပသည်။
Jun 11,2026
မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးရုံးရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က စာပေဝါသနာရှင် Book Club အဖွဲ့ဝင်များဖြင့် မောင်ဆန္ဒ (လယ်ဝေး)ရေးသားသော “အညာဆန်စာပေခရီး”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
Jun 11,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက မင်းဘူး(ကျွဲသိုးမြောင်)-မင်းလှလမ်း (၂၁.၃၂) ကီလိုမီတာ နှင့် (၂၁.၅၂) ကီလိုမီတာကြားအတွင်း ပေ(၄၆၀) မျက်ကွယ်ကွေ့(၁)နေရာတွင် ကွေ့ချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jun 11,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာရပ်တစ်ခုအနေဖြင့် မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ဖွင့်လှစ်ခဲ့သည်။
Jun 11,2026
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
Jun 11,2026
မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်ရှိ မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်တစ်ခုဖြစ်သော အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) နည်းပညာဆိုင်ရာ ရုံးသုံးစက်ကိရိယာပစ္စည်း (Multi Large Display) တပ်ဆင်သည့် စီမံကိန်းပြီးမြောက်မှု အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။