မိုင်းပန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အခမ်းအနားကျင်းပ

မိုင်းပန် ဇွန် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီကျင်းပသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ဒုတိယရဲအုပ် ရန်နိုင်စိုးက မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများကို ကျောင်းသား/ကျောင်းသူများအားဟောပြောခဲ့သည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)