အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2026
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာစာ‌ဖြေ၊ စာပြန်ပွဲတော်ကြီးအား ယနေ့နံနက်က မြို့နယ်ဓမ္မာရုံ၌ စတင်ကျင်းပသည်။
Jun 08,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် “အောင်သရဖူ” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ မှန်ကန်သောအတွေးအခေါ်များဖြင့် အပြောအဆိုအတတ်ပညာများဖွံ့ဖြိုးစေရန်၊ ကျောင်းစာများအပြင် ပြင်ပစာပေဗဟုသုတများပိုမိုရရှိစေရန်၊ စာကြည့်တိုက်နှင့်ပိုမိုကျွမ်းဝင်ရင်းနှီးလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ ­­­မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
Jun 08,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်(အသားကဏ္ဍ)ရန်ပုံငွေ စီမံကိန်းဖြင့် ယမန်နေ့က မိုင်းဇင်းအုပ်စု၊ ဟွေခါး(ကချင်)ကျေးရွာ၌ ပြုလုပ်သည်။
Jun 08,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေခဲ့ကြသည်။
Jun 08,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ အခြေခံမွေးမြူရေး(စာမြုံ့ပြန်သတ္တဝါ)ဆိုင်ရာ အသိပညာနှင့်နည်းပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
Jun 08,2026
မွန်ပြည်နယ်တရားလွှတ်တော်နှင့် ပြည်နယ်အတွင်းရှိ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများ၏ မှုခင်းကျဆင်းရေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် လူငယ်အသင်း (Youth Club) နှင့် ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန၌ ဇွန် ၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။