အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ ၉ ရက်နေ့က စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club, Women Club, Youth Club အဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင်ရေသားသော “တန်ဖိုးရှိသောနေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် "လူငယ်နှင့်အနာဂါတ်နိုင်ငံတော်" ခေါင်းစဥ်ဖြင့်စာပေဟောပြောပွဲကို ဇွန်လ (၁၀) ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်က ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပခဲ့သည်။
Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန် သစ်တောသစ်ပင်ပြုန်းတီးမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့  နံနက်ပိုင်းက စီးပွားချောင်ကျေးရွာအုပ်စု၊ ငှက်ဥကွင်းကျေးရွာ၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ အ-ထ-က(၂) ကျောင်း ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်း (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များနှင့် စာရေးဆရာများအသင်း စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Abate) ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြသည်။
Jun 11,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၏ နှစ်(၆၀)ပြည့် အထိမ်းအမှတ် လူရည်ချွန်ဂုဏ်ပြုပွဲနှင့်မဂ္ဂဇင်းစာအုပ်ပေးအပ်ပွဲကို ယနေ့နံနက်၉နာရီအချိန်က ကျင်းပပြုလုပ်သည်။