စစ်ကိုင်းမြို့တွင် မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိပညာပေး သင်တန်းဖွင့်လှစ်

စစ်ကိုင်း ဇွန် ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာရပ်တစ်ခုအနေဖြင့် မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် မွေးမြူရေးဆိုင်ရာ ဘာသာရပ်များကို စာတွေ့လက်တွေ့ (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)