အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုစီမံကိန်းရုံးတွင် Helio Power Energy Co.Ltd ၏ နေရောင်ခြည်စွမ်းအင်သုံး (၃၀)မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် မိတ်ဖက်ကုမ္ပဏီများအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိတ်ဖက်ကုမ္ပဏီများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
Jun 11,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
Jun 11,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်သင် ဆရာ/ဆရာမများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ.ထ.က ကျောင်း စုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 11,2026
ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ သည် ဇွန် ၁၀ ရက်နေ့နံနက် ၁၀ နာရီတွင် ချင်းပြည်နယ်၏ မြို့တော်ြဖစ်သည့် ဟားခါးမြို့ရှိ ထူးခြားထင်ရှားသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Jun 11,2026
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၀ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး MSME ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။  
Jun 11,2026
၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးရာသီတွင် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူ နည်းပညာပေးဆွေးနွေးပွဲနှင့် မှိုစိုက်ပျိုးရေးသင်တန်းကို ဇွန်လ (၉) ရက်နေ့နံနက် (၉) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာတွင် ကျင်းပခဲ့သည်။
Jun 11,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ပူးပေါင်းကျင်းပသည့် စွန့်ပစ်ပစ္စည်း (အမှိုက်) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၁၁ ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။